ႏုိင္ငံတကာရက္သတၱပတ္အတြင္းမွာ ႏုိင္ငံလက္ေရြးစင္အသင္းေတြက ယူရုိ-၂၀၂၀ေျခစစ္ပြဲမ်ား ၂၀၂၂ခုႏွစ္ ကမာၻ႔ဖလားေျခစစ္ပြဲမ်ားနဲ႔ ခ်စ္ၾကည္ေရးေျခစမ္းပြဲမ်ားကုိ ေတာက္ေလွ်ာက္ဆင္ႏြဲျဖစ္ခဲ့ၾကပါတယ္။ ႏုိင္ငံတာဝန္ကုိ ထမ္းေဆာင္ဖုိ႔အတြက္ ကလပ္အသင္းအမ်ားစုကေန သူတုိ႔ရဲ႕ၾကယ္ပြင့္ကစားသမားေတြကုိ ေစလႊတ္ခဲ႔ၾကၿပီး ပရီးမီးယားလိဂ္ရဲ႕ လက္ရွိခ်န္ပီယံအသင္း မန္စီးတီးရဲ႕ ကစားသမားေတြျဖစ္တဲ႔ ကီဗင္ဒီဘရုိင္း ရာဟင္စတာလင္ ဘနာဒုိေဆးဗား ဇင္ခ်န္ကုိ ေဖးလ္ဖုိဒန္တုိ႔မွာလည္း ႏုိင္ငံအသင္းေတြအတြက္ ေျခစစ္ပြဲေတြ ေျခစမ္းပြဲေတြကုိ ဝင္ေရာက္ယွဥ္ၿပိဳင္ျဖစ္ခဲ႔ပါတယ္။

Photo Credit : Getty Images

ဒီကစားသမားေတြအားလုံးက ႏုိင္ငံအသင္းအတြက္ ပြဲစဥ္၂ပြဲခန္႔ေလာက္ ပါဝင္ကစားျဖစ္ခဲ့ၾကၿပီး  ဘာနာဒိုေဆးဗား ရာဟင္စတာလင္နဲ႔ ကီဗင္ဒီဘရုိင္းတုိ႔ ၃ေယာက္ကေတာ့ သူတုိ႔ရဲ႕ လက္ေရြးစင္အသင္းေတြအတြက္ အသီးသီး ေျခစြမ္းျပႏုိင္ခဲ႔ပါတယ္။ ေဆးဗားက ေပၚတူဂီအသင္းမွာ ပါဝင္ကစားခဲ႔ၿပီး ဆာဘီးယားအသင္းကုိ ၂ဂုိး၄ဂုိးနဲ႔ အႏုိင္ရခဲ႔တဲ႔ပြဲမွာ သြင္းဂုိး၁ဂုိးနဲ႔ ဂုိးဖန္တီးမႈ၁ႀကိမ္စီ ျပဳလုပ္ႏုိင္ခဲ႔သလုိ လစ္သူေယးနီးယားအသင္းကုိ ၁ဂုိး၅ဂုိးနဲ႔ အႏုိင္ရခဲ႔တဲ႔ ပြဲအတြင္းမွာလည္း ဂုိးဖန္တီးမႈ၂ႀကိမ္ ျပဳလုပ္ခဲ႔ပါေသးတယ္။

Photo Credit : Getty Images

ေနာက္ထပ္ ကြင္းလယ္ဖန္တီးရွင္ ကစားသမားတစ္ေယာက္ျဖစ္တဲ႔ ဒီဘရုိင္းကလည္း ဘယ္ဂ်ီယံလက္ေရြးစင္အသင္းအတြက္ အေတာ္ေလးကုိ ေျခစြမ္းျပသႏုိင္ခဲ့ၿပီး စေကာ့တလန္အသင္းကုိ ၄ဂုိးျပတ္ အႏုိင္ရခဲ႔တဲ႔ပြဲမွာ အသင္းအတြက္ ဂုိးဖန္တီးမႈ ၃ႀကိမ္ ျပဳလုပ္ေပးခဲ႔ကာ ၁ဂုိးသြင္းယူခဲ့ပါတယ္။ မန္စီးတီးတုိက္စစ္ကစားသမားျဖစ္သူ စတာလင္ကလည္း အဂၤလန္လက္ေရြးစင္အသင္းနဲ႔အတူ ေျခစစ္ပြဲ၂ပြဲကုိ ဝင္ေရာက္ကစားခဲ႔ၿပီး ဘူေဂးရီးယားအသင္းကုိ ၄ဂုိးျပတ္နဲ႔ အႏုိင္ရခဲ႔တဲ႔ပြဲမွာ ၁ဂုိးသြင္းယူၿပီး ၁ဂုိးဖန္တီးႏုိင္ခဲ႔သလုိ မေန႔ညက ကစားခဲ႔တဲ႔ ကုိဆုိဗိုနဲ႔ပြဲမွာလည္း ၁ဂုိးသြင္းယူကာ ၃ဂုိးေတာင္ ဖန္တီးေပးႏုိင္ခဲ႔ပါတယ္။

Photo Credit : Getty Images

ဒါေတြတင္မကေသးပဲ မန္စီးတီးဘယ္ေနာက္ခံကစားသမားေလး ဇင္ခ်န္ကုိကလည္း ယူကရိန္းအသင္းနဲ႔ ႏုိင္ငံတကာပြဲ၂ပြဲကုိ ပါဝင္ကစားခဲ႔ၿပီး သြင္းဂုိး၂ဂုိး ရယူႏုိင္ခဲ႔ပါေသးတယ္။ အသင္းရဲ႕ လူငယ္ၾကယ္ပြင့္ ကြင္းလယ္ကစားသမားေလး ဖုိဒန္ကလည္း အဂၤလန္ယူ-၂၁အသင္းအတြက္ ပါဝင္ကစားခဲ႔ၿပီး သြင္းဂုိး၂ဂုိး သြင္းယူႏုိင္ခဲ႔ကာ ၂ဂုိးဖန္တီးႏုိင္ခဲ႔ပါတယ္။ ဒါေၾကာင့္ ႏုိင္ငံတကာရက္သတၱပတ္အတြင္း ႏုိင္ငံလက္ေရြးစင္အသင္းေတြအတြက္ မန္စီးတီးအသင္းသားေတြ ပါဝင္ပတ္သက္ခဲ့တဲ႔ သြင္းဂုိးပမာဏဟာ ဂုိး၂၀အထိကုိ ရွိခဲ႔ရတာပဲျဖစ္ပါတယ္။

(Unicode)

နိုင်ငံတကာရက်သတ္တပတ်အတွင်းမှာ နိုင်ငံလက်ရွေးစင်အသင်းတွေက ယူရို-၂၀၂၀ခြေစစ်ပွဲများ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲများနဲ့ ချစ်ကြည်ရေးခြေစမ်းပွဲများကို တောက်လျှောက်ဆင်နွဲဖြစ်ခဲ့ကြပါတယ်။ နိုင်ငံတာဝန်ကို ထမ်းဆောင်ဖို့အတွက် ကလပ်အသင်းအများစုကနေ သူတို့ရဲ့ကြယ်ပွင့်ကစားသမားတွေကို စေလွှတ်ခဲ့ကြပြီး ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံအသင်း မန်စီးတီးရဲ့ ကစားသမားတွေဖြစ်တဲ့ ကီဗင်ဒီဘရိုင်း ရာဟင်စတာလင် ဘနာဒိုဆေးဗား ဇင်ချန်ကို ဖေးလ်ဖိုဒန်တို့မှာလည်း နိုင်ငံအသင်းတွေအတွက် ခြေစစ်ပွဲတွေ ခြေစမ်းပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပါတယ်။

Photo Credit : Getty Images

ဒီကစားသမားတွေအားလုံးက နိုင်ငံအသင်းအတွက် ပွဲစဉ်၂ပွဲခန့်လောက် ပါဝင်ကစားဖြစ်ခဲ့ကြပြီး  ဘာနာဒိုဆေးဗား ရာဟင်စတာလင်နဲ့ ကီဗင်ဒီဘရိုင်းတို့ ၃ယောက်ကတော့ သူတို့ရဲ့ လက်ရွေးစင်အသင်းတွေအတွက် အသီးသီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဆေးဗားက ပေါ်တူဂီအသင်းမှာ ပါဝင်ကစားခဲ့ပြီး ဆာဘီးယားအသင်းကို ၂ဂိုး၄ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ သွင်းဂိုး၁ဂိုးနဲ့ ဂိုးဖန်တီးမှု၁ကြိမ်စီ ပြုလုပ်နိုင်ခဲ့သလို လစ်သူယေးနီးယားအသင်းကို ၁ဂိုး၅ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲအတွင်းမှာလည်း ဂိုးဖန်တီးမှု၂ကြိမ် ပြုလုပ်ခဲ့ပါသေးတယ်။

Photo Credit : Getty Images

နောက်ထပ် ကွင်းလယ်ဖန်တီးရှင် ကစားသမားတစ်ယောက်ဖြစ်တဲ့ ဒီဘရိုင်းကလည်း ဘယ်ဂျီယံလက်ရွေးစင်အသင်းအတွက် အတော်လေးကို ခြေစွမ်းပြသနိုင်ခဲ့ပြီး စကော့တလန်အသင်းကို ၄ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ပေးခဲ့ကာ ၁ဂိုးသွင်းယူခဲ့ပါတယ်။ မန်စီးတီးတိုက်စစ်ကစားသမားဖြစ်သူ စတာလင်ကလည်း အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ခြေစစ်ပွဲ၂ပွဲကို ဝင်ရောက်ကစားခဲ့ပြီး ဘူဂေးရီးယားအသင်းကို ၄ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၁ဂိုးသွင်းယူပြီး ၁ဂိုးဖန်တီးနိုင်ခဲ့သလို မနေ့ညက ကစားခဲ့တဲ့ ကိုဆိုဗိုနဲ့ပွဲမှာလည်း ၁ဂိုးသွင်းယူကာ ၃ဂိုးတောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

ဒါတွေတင်မကသေးပဲ မန်စီးတီးဘယ်နောက်ခံကစားသမားလေး ဇင်ချန်ကိုကလည်း ယူကရိန်းအသင်းနဲ့ နိုင်ငံတကာပွဲ၂ပွဲကို ပါဝင်ကစားခဲ့ပြီး သွင်းဂိုး၂ဂိုး ရယူနိုင်ခဲ့ပါသေးတယ်။ အသင်းရဲ့ လူငယ်ကြယ်ပွင့် ကွင်းလယ်ကစားသမားလေး ဖိုဒန်ကလည်း အင်္ဂလန်ယူ-၂၁အသင်းအတွက် ပါဝင်ကစားခဲ့ပြီး သွင်းဂိုး၂ဂိုး သွင်းယူနိုင်ခဲ့ကာ ၂ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံတကာရက်သတ္တပတ်အတွင်း နိုင်ငံလက်ရွေးစင်အသင်းတွေအတွက် မန်စီးတီးအသင်းသားတွေ ပါဝင်ပတ်သက်ခဲ့တဲ့ သွင်းဂိုးပမာဏဟာ ဂိုး၂၀အထိကို ရှိခဲ့ရတာပဲဖြစ်ပါတယ်။