ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ဆုဖလားကို ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲက ရရှိခဲ့ပြီး ဂျာမနီ ဘီလူးကြီးလို့ တင်စားခံနေရတဲ့ နည်းပြ ဖလစ်ခ်ရဲ့ ဘိုင်နယ်အသင်းက ပြီးခဲ့တဲ့ ရာသီမှာ ချန်ပီယံလိဂ် ဆုဖလား  အပါအဝင် ပြည်တွင်း ဖလား (၂) ခု ရရှိခဲ့တာကြောင့် တစ်ရာသီမှာ ဆုဖလား (၃) ခု ရရှိခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲဟာ စီးရီးအေ ပြိုင်ပွဲလိုပဲ ပြည်တွင်းလိဂ် ဖလားကို ဘိုင်ယန်မြူးနစ်အသင်းက အဓိက စိုးမိုးနေပြီး ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲက လစာ အများဆုံး ထိပ်သီး ကစားသမား (၁၀) ဦးမှာ (၇) ဦးက ဘိုင်ယန်မြူးနစ် ကစားသမားတွေ နဲ့ (၃) ဦးက ဒေါ့မွန်ကစားသမားတွေ ဖြစ်ကြပါတယ်။

Photo Credit: Sportskeeda

ဘိုင်ယန်မြူးနစ်အသင်းဟာ လက်ရှိ ဥရောပ ထိပ်သီးအသင်းတွေထဲမှာ ကစားသမားကောင်းတွေ များစွာ ပိုင်ဆိုင်ထားနေတဲ့ အသင်း ဖြစ်ပြီး အသင်းရဲ့ အဓိက တိုက်စစ်မှူး လီဝန်ဒေါ့စကီးကတော့ ပြီးခဲ့တဲ့ ရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး (၅၅) ဂိုး သွင်းယူထားပါတယ်။ ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး လီဝန်ဒေါ့စကီးဟာ လက်ရှိမှာ ဘိုင်ယန်မြူးနစ်အသင်းကနေ တစ်ပတ်ကို ယူရို (၃၀၈,၀၀၀) ရရှိတာကြောင့် ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှာ လစာ အများဆုံး ရရှိတဲ့ ကစားသမား ဖြစ်ပြီး သူ့ရဲ့ သွင်းဂိုးတွေက သူ့ရဲ့ လစာနဲ့ ထိုက်တန်ကြောင်း သက်သေဖြစ်ပါတယ်။

Photo Credit: Sportskeeda

တိုက်စစ်မှူး လီဝန်ဒေါ့စကီးဟာ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှာ တစ်ပတ်ကို ပေါင် မဟုတ်ဘဲ ယူရို (၃) သိန်းကျော်ရုံ ရရှိနေတာ ဖြစ်ပြီး အခြား လိဂ် ပြိုင်ပွဲ၊ ဥပမာ ပရီးမီးယားလိဂ် ပြိုင်ပွဲနဲ့ ယှဉ်မယ် ဆိုရင် သူ့ရဲ့ တစ်ပတ် လစာက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဆိုရင် များတဲ့ အထဲ မပါသေးတာ ဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲက လစာ အများဆုံး ရရှိထားတဲ့ ထိပ်သီး ကစားသမား (၁၀) ယောက်ထဲမှာ ထိပ်သီး (၆) ဦးက ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကစားသမားတွေချည်း ဖြစ်ပြီး ဘိုင်နယ်အသင်းရဲ့ ထက်မြက်စွာ ငွေကြေး အသုံးပြုမှုကြောင့် ဆုဖလားတွေကိုလည်း အများကြီး ရရှိခဲ့တာ ဖြစ်ပါတယ်။

 

ဘွန်ဒက်စ်လီဂါ လစာ အများဆုံး ထိပ်သီး (၁၀) ဦး

 

၁။ လီဝန်ဒေါ့စကီး (ဘိုင်ယန်)

၂။ နူအာ (ဘိုင်ယန်)

၃။ သောမတ်မူလာ (ဘိုင်ယန်)

၄။ ဟာနန်ဒက်စ် (ဘိုင်ယန်)

၅။ အယ်လ်ကန်တာရာ (ဘိုင်ယန်)

၆။ ဘိုတန် (ဘိုင်ယန်)

၇။ မာကိုရူ့စ် (ဒေါ့မွန်)

၈။ ဟမ်မဲလ် (ဒေါ့မွန်)

၉။ ဝစ်ဆဲလ် (ဒေါ့မွန်)

၁၀။ ကိုမန်း (ဒေါ့မွန်)