၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးကတော့ ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ပွဲစဉ်(၂၉)နဲ့ ရပ်တန့်နေခဲ့ရတာဆိုရင် တစ်လနီးပါးလောက်ရှိပြီဖြစ်ပါတယ်။ ဘောလုံးဝါသနာအိုးတွေရဲ့ရင်ဘက်နဲ့အနီးဆုံးပြိုင်ပွဲတစ်ခုဖြစ်တာကြောင့် အားလုံးလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲကို လွမ်းဆွတ်နေကြမယ်ထင်ပါတယ်။ ဒါကြောင့်မို့ ဒီနေ့မှာတော့ ပရီးမီးယားလိဂ်နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတစ်ခုကို ကျွန်တော်တို့ရဲ့ ချစ်ညီအကိုတွေအတွက် တင်ဆက်ပေးသွားဖို့ စီစဉ်ထားပါတယ်။ ဒါကတော့ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးသွင်းဂိုး(၁၀)ဂိုးအကြောင်းပဲဖြစ်ပါတယ်။

(၁၀) မိုဟာမက်ဆာလာ (ဒီဇင်ဘာ၁၅ရက်နေ့က ဝက်ဖိုဒ့်အသင်းဘက်ကို သွင်းယူခဲ့တဲ့ဂိုး)

(၉) ဂျာအိုမော်တင်ဟို (နိုဝင်ဘာ၂၃ရက်နေ့က ဘုန်းမောက်အသင်းဘက်ကို သွင်းယူခဲ့တဲ့ ဖရီးကစ်ဂိုး)

(၈) ကီဗင်ဒီဘရိုင်း (နိုဝင်ဘာ၃၀ရက်နေ့က နယူးကာဆဲလ်အသင်းဘက်ကို သွင်းယူခဲ့တဲ့ ဒုံးကျည်ကန်ချက်)

(၇) ဂျွန်ဂျိုရှယ်ဗေး (နိုဝင်ဘာ၃၀ရက်နေ့က မန်စီးတီးအသင်းဘက်ကို သွင်းယူခဲ့တဲ့ လှပသေသပ်သောသွင်းဂိုး)

(၆) ဂျက်ဖာဘင်ဟို (နိုဝင်ဘာ၁၁ရက်နေ့က မန်စီးတီးအသင်းဘက်ကို သွင်းယူခဲ့တဲ့ လှပတဲ့ အဖွင့်ဂိုး)

(၅) ဂျက်ဂရီးလစ် (ဒီဇင်ဘာ၁ရက်နေ့က ယူနိုက်တက်အသင်းဘက်ကို သွင်းယူခဲ့တဲ့ အလန်းစားသွင်းဂိုး)

(၄) အန်တိုနီမာစီယဲလ် (ဖေဖာ်ဝါရီ၂၄ရက်နေ့က ဝက်ဖိုဒ့်အသင်းဘက်ကို သွင်းယူခဲ့တဲ့ အမိုက်စားသွင်းဂိုး)

(၃) ဖီကာအိုတိုမော်ရီ (စက်တင်ဘာ၁၄ရက်နေ့က ဝုလ်ဗ်အသင်းဘက်ကို သွင်းယူခဲ့တဲ့ အဝေးကန်ချက်သွင်းဂိုး)

(၂) အယ်လာရိုင်ဇာဂျက်ဟမ်းဘက်ရှ် (ဇန်နဝါရီ၁ရက်နေ့က ချယ်လ်ဆီးအသင်းဘက်ကို သွင်းယူခဲ့တဲ့ လုံးဝကို လှပလွန်းသောသွင်းဂိုး)

(၁)ဆွန်ဟောင်မင် (ဒီဇင်ဘာရရက်နေ့က ဘန်လေအသင်းဘက်ကို တစ်ကိုယ်တော်စွမ်းရည်နဲ့ သွင်းယူခဲ့တဲ့ သွင်းဂိုး)