ဖီလစ္ပိုင္ႏိုင္ငံမွာ က်င္းပလ်က္ရွိတဲ့ အႀကိမ္(၃၀)ေျမာက္   အေရွ႕ေတာင္အာရွဆီးဂိမ္းၿပိဳင္ပြဲမွာ ျမန္မာႏိုင္ငံအေနနဲ႔ ‌ပထမဆုံးအျဖစ္ ေ႐ႊတံဆိပ္ဆုဆြတ္‌ခူးလိုက္ပါၿပီ။

Photo Credit: Myanmar Arnis (Facebook Page)

ဒီေန႔ၿပိဳင္ပြဲမွာပဲ အသက္ (၂၀)အ႐ြယ္ Phoo Eian Dray က Arnis- Anyo Traditional Open Weapon အားကစားအမ်ိဳးအစားၿပိဳင္ပြဲတြင္ ေ႐ႊတံဆိပ္ဆု ရရွိခဲ့တာျဖစ္ပါတယ္။အဆိုပါေ႐ႊတံဆိပ္ဆုဟာ ယခုႏွစ္ဆီးဂိမ္းအတြင္း ျမန္မာႏိုင္ငံအတြက္ ပထမဆုံးေသာ ေ႐ႊတံဆိပ္ဆုျဖစ္ပါတယ္။

Photo Credit:2019seagames

ယခုလက္ရွိအခ်ိန္အထိ ၿပိဳင္ပြဲေပါင္းစုံမွာ ျမန္မာႏိုင္ငံက ေ႐ႊတံဆိပ္(၁)၊ေငြတံဆိပ္ (၅)၊ေၾကးတံဆိပ္ (၁၈)တို႔ျဖင့္ စုစုေပါင္း (၂၄)ဆု ဆြတ္ခူးထားၿပီး အဆင့္ (၇)မွာ ရပ္တည္လ်က္ရွိပါတယ္။ၿပိဳင္ပြဲစုံ ဆုအမ်ားဆုံးရရွိထားတဲ့ အသင္းကေတာ့ အိမ္ရွင္ ဖီလစ္ပိုင္အသင္းျဖစ္ၿပီး ေ႐ႊတံဆိပ္ (၄၁)၊ေငြတံဆိပ္ (၂၄)၊ ေၾကးတံဆိပ္ (၁၅) စုစုေပါင္း ဆု (၈၀) ရရွိထားပါတယ္။

Photo Credit: Foxsports

၂၀၁၉ အေရွ႕ေတာင္အာရွ ဆီးဂိမ္းၿပိဳင္ပြဲကို ဆက္လ်က္က်င္းပလ်က္ရွိၿပီး ျမန္မာ့အမ်ိဳးသားေဘာလုံးအသင္းအေနနဲ႔ အုပ္စုဗိုလ္ျဖင့္ ေနာက္တစ္ဆင့္တက္ေရာက္သြားခဲ့တာလည္းျဖစ္ပါတယ္။ထို႔အျပင္ ျမန္မာ့အမ်ိဳးသမီးေဘာလုံးအသင္းလည္း အုပ္စုဗိုလ္ျဖင့္ ေနာက္တစ္ဆင့္တက္လွမ္းႏိုင္ခဲ့ပါတယ္။

(Unicode)
ဖီလစ်ပိုင်နိုင်ငံမှာ ကျင်းပလျက်ရှိတဲ့ အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာနိုင်ငံအနေနဲ့ ‌ပထမဆုံးအဖြစ် ရွှေတံဆိပ်ဆုဆွတ်‌ခူးလိုက်ပါပြီ။

Photo Credit: Myanmar Arnis (Facebook Page)

ဒီနေ့ပြိုင်ပွဲမှာပဲ အသက် (၂၀)အရွယ် Phoo Eian Dray က Arnis- Anyo Traditional Open Weapon အားကစားအမျိုးအစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိခဲ့တာဖြစ်ပါတယ်။အဆိုပါရွှေတံဆိပ်ဆုဟာ ယခုနှစ်ဆီးဂိမ်းအတွင်း မြန်မာနိုင်ငံအတွက် ပထမဆုံးသော ရွှေတံဆိပ်ဆုဖြစ်ပါတယ်။

Photo Credit:2019seagames

ယခုလက်ရှိအချိန်အထိ ပြိုင်ပွဲပေါင်းစုံမှာ မြန်မာနိုင်ငံက ရွှေတံဆိပ်(၁)၊ငွေတံဆိပ် (၅)၊ကြေးတံဆိပ် (၁၈)တို့ဖြင့် စုစုပေါင်း (၂၄)ဆု ဆွတ်ခူးထားပြီး အဆင့် (၇)မှာ ရပ်တည်လျက်ရှိပါတယ်။ပြိုင်ပွဲစုံ ဆုအများဆုံးရရှိထားတဲ့ အသင်းကတော့ အိမ်ရှင် ဖီလစ်ပိုင်အသင်းဖြစ်ပြီး ရွှေတံဆိပ် (၄၁)၊ငွေတံဆိပ် (၂၄)၊ ကြေးတံဆိပ် (၁၅) စုစုပေါင်း ဆု (၈၀) ရရှိထားပါတယ်။

Photo Credit: Foxsports

၂၀၁၉ အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲကို ဆက်လျက်ကျင်းပလျက်ရှိပြီး မြန်မာ့အမျိုးသားဘောလုံးအသင်းအနေနဲ့ အုပ်စုဗိုလ်ဖြင့် နောက်တစ်ဆင့်တက်ရောက်သွားခဲ့တာလည်းဖြစ်ပါတယ်။ထို့အပြင် မြန်မာ့အမျိုးသမီးဘောလုံးအသင်းလည်း အုပ်စုဗိုလ်ဖြင့် နောက်တစ်ဆင့်တက်လှမ်းနိုင်ခဲ့ပါတယ်။