ဒီနေ့ည(၈)နာရီအချိန်မှာ ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲ ပွဲစဉ်(၃၃)ရဲ့ ပွဲအားလုံးကို တချိန်တည်းမှာ တပြိုင်နက်တည်း ကျင်းပစေခဲ့ပြီး ဒီရာသီမှာ ဘွန်ဒစ်လီဂါချန်ပီယံဖြစ်သွားခဲ့တဲ့ ဘိုင်ယန်မြူးနစ်က ဖရိုင်းဘတ်နဲ့ အိမ်ကွင်းမှာတွေ့ဆုံနေကာ အဆင့်(၃)နေရာက လိုက်ပ်ဇစ်ကလည်း အဆင့်(၂)နေရာက ဒေါ့မွန်နဲ့ ထိပ်တိုက်တွေ့ဆုံနေခဲ့ပါတယ်။

ဘိုင်ယန် ၃-၁ ဖရိုင်းဘတ်

အရန်ကစားသမားတွေနဲ့ အမာခံကစားသမားတွေကို ရောနှောအသုံးပြုလာခဲ့တဲ့ ဘိုင်ယန်အသင်းဟာ ပထမပိုင်းမှာကတည်းက ဖရိုင်းဘတ်အသင်းကို ဖိဖိစီးစီး ကစားထားနိုင်ခဲ့ကာ ကင်မစ်ချ် လီဝန်ဒေါစကီးတို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီး ပြိုင်ဘက်ကို ချေပဂိုးခွင့်ပြုခဲ့ရပေမယ့် (၄)မိနစ်အကြာမှာပဲ လီဝန်ဒေါစကီးက နောက်ထပ်သွင်းဂိုးတစ်ဂိုး ထပ်မံရယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကစားသမားအပြောင်းအလဲတွေ လုပ်ခဲ့ပေမယ့်လည်း ဘိုင်ယန်က သွင်းဂိုးတွေကိုတော့ ဆက်လက်သွင်းယူခြင်းမရှိတော့ပဲ ပထမပိုင်းက ဂိုးတွေနဲ့ အနိုင်ယူခဲ့ပါတယ်။

လိုက်ပ်ဇစ် ၀-၂ လိုက်ပ်ဇစ်

ဒီတစ်ပတ်ပွဲစဉ်တွေအားလုံးထဲက စိတ်လှုပ်ရှားစရာအကောင်းဆုံး ဘွန်ဒစ်လီဂါပွဲစဉ်ဖြစ်တဲ့ လိုက်ပ်ဇစ်အသင်းနဲ့ ဒေါ့မွန်အသင်းတို့ဟာလည်း အဓိက ကစားသမားအစုံအလင်နဲ့ ထိပ်တိုက်ရင်ဆိုင်လာခဲ့ကြပြီး ပထမပိုင်းမှာတော့ ဒေါ့မွန်က ပိုမိုအသာစီး ရယူနိုင်ခဲ့ပါတယ်။ မိနစ်(၃၀)မှာတော့ ဟာလန်းက လိုက်ပ်ဇစ်ဂိုးပေါက်အနားမှာပဲ အနီးကပ်ပိတ်သွင်းရင်း ဒေါ့မွန်တို့ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲပြီးဆုံးချိန်ထိမှာလည်း ဦးဆောင်ဂိုး သွင်းယူထားခဲ့တဲ့ ဟာလန်းရဲ့သွင်းဂိုးနဲ့ ဆက်လက်ဦးဆောင်နိုင်ခဲ့ကာ ဒုတိယနေရာကိုပါ ပိုင်ဆိုင်သွားနိုင်ခဲ့တယ်။