၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွင်း ဥရောပထိပ်သီးလိဂ်ပြိုင်ပွဲ(၅)ခုအတွင်း ဘောလုံးကန်ချက်တွေထဲကမှ တိုင်ထိထွက်ခဲ့တဲ့ကန်ချက် အကြိမ်ရေများပြားလွန်းလှတဲ့ အသင်းတွေကို စစ်တမ်းကောက်ယူခဲ့ရာ အီတလီစီးရီးအေ ကလပ်အသင်းကြီးတစ်သင်းဖြစ်တဲ့ နာပိုလီအသင်းက တိုင်ထိမှု (၁၇)ကြိမ်နဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်လို့နေပြီး ဒုတိယနေရာမှာတော့ ပရီးမီးယားလိဂ်ရဲ့လက်ရှိချန်ပီယံဖြစ်တဲ့ မန်စီးတီးအသင်းက ဂိုးတိုင်ထိမှု (၁၅)ကြိမ်နဲ့ ရှိနေခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရှိလာခဲ့ရပါတယ်။

ထုတ်ပြန်ချက်တွေအရတော့ နာပိုလီအသင်းဟာ အီတလီစီးရီးအေပြိုင်ပွဲအတွင်း ဂိုးတိုင်ထိမှု (၁၇)ကြိမ်အထိ ရှိထားခဲဲ့ကာ သူတို့အသင်းရဲ့ တိုက်စစ်ကစားသမား အစ်ဆစ်ဂနီက ဂိုးတိုင်ထိမှု (၅)ကြိမ်နဲ့ အများဆုံးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ နာပိုလီရဲ့နောက် ဒုတိယနေရာမှာတော့ မန်စီးတီးအသင်းက ရှိလို့နေပြီး ဂိုးတိုင်ထိမှု (၁၅)ကြိမ် ရှိထားခဲ့ကာ ကယ်ဗင်ဒီဘရိုင်း ရာဟန်စတာလင်းနဲ့ ဆာဂျီယိုအဂူရိုတို့က တိုင်ထိမှု(၃)ကြိမ်ထိ ရှိခဲ့ကြပါတယ်။ ဂိုးတိုင်ထိမှုအများဆုံး တတိယနေရာမှာတော့ ရီးရဲလ်ဘက်တစ်အသင်းက မိုရွန်က တိုင်ထိမှု(၃)ကြိမ်ထိ ရှိခဲ့ရပါတယ်။

ဂိုးတိုင်ထိမှု စတုတ္ထအကြိမ်များဆုံးအသင်းနေရာမှာတော့ ပီအက်စ်ဂျီအသင်းက (၁၃)ကြိမ်နဲ့ ရှိလို့နေပြီး အသင်းရဲ့တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ ကာဗာနီ အမ်ဘာပေ နေမာတို့ (၃)ဦးလုံးက ဂိုးတိုင်ထိမှုအကြိမ်ရေ(၂)ဂိုးစီ ရှိခဲ့ကြပါတယ်။ ပဥ္စမနေရာမှာတော့ ဘိုင်ယန်မြူးနစ်အသင်းက တိုင်ထိမှု(၁၂)ကြိမ် တောင်ပံတိုက်စစ်ကစားသမား ဂါနာဘရီက (၄)ကြိမ်ထိ ရှိနေခဲ့ရပါတယ်။ ဒီလို ဂိုးတိုင်ထိမှုတွေကြောင့် နာပိုလီ မန်စီးတီးအသင်းတို့ဟာ သူတို့ရဲ့သက်ဆိုင်ရာလိဂ်တွေမှာ အမှတ်ပေးဇယားထိပ်ကို မရောက်နိုင်ခဲ့ရတာဖြစ်ပြီး မန်စီးတီးအသင်းဆိုရင်လည်း ဒီရာသီမှာဆို ဂိုးပေါက်ခြိမ်းခြောက်မှုတွေ အကြိ်မ်ပေါင်းများစွာ လုပ်ဆောင်နိုင်ခဲ့သလောက် ရသင့်တဲဲ့သွင်းဂိုးတွေကို မပိုင်ဆိုင်ခဲ့ရပဲ အမှတ်တွေ ဆုံးရှံးခဲ့ရတာဖြစ်ပါတယ်။